ချောင်းဦး၊ ၂၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်ဦးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊မြို့နယ်မှူး ဦးဝင်းအောင်ခိုင် နှင့်အဖွဲ့သည် ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးကျေးရွာ မြစိမ်းရောင်(ငါးကဏ္ဍ) အစီအစဉ်ဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့သည်။
မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းအတိုးရငွေ၏ (၅၀%) ဖြင့်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးရေးအတွက် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာမြစိမ်းရောင် ကြီးကြပ်မှုကော်မတီဝင်များနှင့် ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီတို့မှ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ဒီဇင်ဘာ ၂၃ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
MDN


