ရန်ကုန်၊ ၂၄ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံ သမ္မတရုံး စီးပွားရေးအကြံပေး Mr. Park Bok-yeoung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တွေ့ဆုံသည်။

 

ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတရုံး စီးပွားရေးအကြံပေးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း (KMIC) ၏ ပန္နက်တင် အခမ်းအနားသို့ တက်ရောက်သည်။

 

ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည့် Korea Desks သို့ တက်ရောက်သည်။

 

ယင်းနောက် ဟွန်ဒိုင်း (Hyundai) မော်တော်ကား စက်ရုံလုပ်ငန်းခွင်သို့ သွားရောက်လေ့လာကြသည်။

 

သတင်းစဉ်