နမ့်ခမ်း၊  ၂၅  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့၊ အမှတ်(၈)ရပ်ကွက်၌ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အဆင့်မြင့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရန်အတွက် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရေနုတ်မြောင်းတူးဖော်စဉ် ဒုတိယကမ္ဘာစစ်ကျန် ဗုံးသီးဟောင်း(၆)လုံးကို  တွေ့ရှိခဲ့ကြောင်း သိရသည်။

 

တူးဖော်တွေ့ရှိသည့် ဗုံးသီးဟောင်းများကို အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စခန်းသစ်ကုန်း)မှ တာဝန်ရှိသူ များက အန္တရာယ်မဖြစ်အောင် ဆောင်ရွက်မည်ဟုသိရပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အန္တရာယ်ကင်းရှင်းရန် ဆောင်ရွက်သင့်သည်များကို တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိသည်။

 

အဆိုပါ တူးဖော်တွေ့ရှိသည့် ဗုံးသီးဟောင်းများသည် အရှည် ၁၆ လက်မခန့်ရှိပြီး ဒလက် (၆)ခုပါရှိသည့် ဗုံးအမျိုးအစား ဖြစ်သည်။

 

ဆိုင်ထွန်း( ပြန်/ဆက်)