မြဝတီ၊ ၂၅ ဒီဇင်ဘာ
ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ် ဇာတ်တိုက်လေ့ကျင့်ရာတွင် မြဝတီခရိုင် မီးသတ်ဦးစီးဌာနမှ စခန်းမှူး ဦးအောင်နိုင်ဦးက ငလျင်ဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်း စရာများကို အသေးစိတ် ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင်ကျေးရွာနှင့် ဝှေ့ရှမ်းကျေးရွာတို့ရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ သင်္ဃန်းညီနောင် မြို့သစ်လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သဘာဝ ဘေးအန္တရာယ်များ မကျရောက်မီ၊ ကျရောက်ချိန်နှင့် ကျရောက်ပြီးချိန်များတွင် ကြိုတင်နှိုးဆော်ခြင်း၊ ငလျင်လှုပ်လျှင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် နေထိုင်နည်းနှင့် ငလျင်လှုပ်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေး ဆောင်ရွက်ပုံများ၊ ရှာဖွေ ကယ်ဆယ်ရေးပြုလုပ်နိုင်ရန်အတွက် ဆက်စပ်ပစ္စည်းများ အသုံးပြုနည်း စသည်တို့ကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်


