ပုလော၊  ၂၆   ဒီဇင်ဘာ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ ဒီဇင်ဘာ ၂၆ ရက် နံနက် ၆ နာရီခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပုလောမြို့ အမှတ်(၁)ရပ်ကွက်၊ မြ၀တီ (၅)လမ်းနေ  ဦးစိန်လွင် အလျား ပေ ၃၀ ၊ အနံ ၁၈ ပေရှိသော အုတ်ညှပ် တစ်ထပ်တိုက်နေအိမ် အနောက်ဘက် အလျား ၁၉  ပေ၊ အနံ ၁၅ ပေရှိ ဓနိမိုး၊ ဓနိကာ  မီးဖိုဆောင်အား သားဖြစ်သူ ဦးကျော်သူဦးက မီးရှို့ခဲ့၍ မီးလောင် ပျက်စီးခဲ့ပြီး၊  နံနက် ၆ နာရီ ခွဲခန့်တွင် မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့်  နေအိမ်၏ အရှေ့ဘက် ခေါင်မိုး ဓနိဖက် (၂၀၀) ခန့် နှင့် အနောက်ဘက် မီးဖိုဆောင် (၁)ဆောင် လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ရာသို့ ပုလောမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက် ခေါင်းဆောင်သော  သန္ဓေတပ်ဖွဲ့၀င် (၁၃) ဦး၊ မီးငြိှမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီးနှင့် ရပ်ကွက်နေ ပြည်သူများ ဝိုင်း၀န်မီးငြိှမ်းသတ်နိုင်ကြောင်းနှင့် နေအိမ်အား မီးရှို့ခဲ့သူ ဦးကျော်သူဦးအား တာ၀န်ရှိသူများက အရေးယူဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)