ရန်ကုန်၊  ၂၆  ဒီဇင်ဘာ

မြန်မာ့မီးရထားမှ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အလုံလမ်းတွင်ရထားလမ်း ခုံးကျော်တံတား တည်ဆောက်လျှက်ရှိရာ ယခုအခါချဉ်းကပ်လမ်းနှင့် မြေကာနံရံလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဗဟိုလမ်းနှင့်အောက်ကြည့်မြင်တိုင် လမ်းကြားရှိ အလုံလမ်းကို ၂၀၂၁ ခုနှစ်ဇန်နဝါရီ ရက်မှ ၃၁ ရက်အထိယာယီလမ်း ပိတ်ထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ယာယီလမ်းပိတ်ထားစဉ် ဗဟိုလမ်းမှအလုံလမ်းကို အသုံးပြု၍ အောက်ကြည့်မြင်တိုင်လမ်းသို့ သွားမည့်မော်တော်ယဉ်များသည် ပန်းလှိုင်လမ်းမှလည်းကောင်း မင်းရဲကျော်စွာလမ်းမှ တစ်ဆင့် ချန်မာဘီလမ်း သစ်တောလမ်း နှင်းဆီကုန်းလမ်းများမှ မောင်းနှင်ကြရန်ဖြစ်သည်။

အောက်ကြည့်မြင်တိုင်လမ်းမှ ဗဟိုလမ်းသို့သွားမည့် မော်တော်ယာဉ်များသည် ပန်းလှိုင်လမ်းမှ လည်းကောင်း ချန်မာဘီလမ်း သစ်တောလမ်းနှင့် နှင်းဆီကုန်းလမ်းများမှတစ်ဆင့် မင်းရဲကျော်စွာလမ်းမှ မောင်းနှင်ကြရန်မြန်မာ့မီးရထားမှ အသိပေးနိူးဆော်ထားသည်။

အောင်သူရ