လွိုင်ကော်၊ ၂၆  ဒီဇင်ဘာ

 

 

ကယားပြည်နယ် လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာတွင် ဆောင်းသီးနှံအဖြစ် ခရမ်းချဉ်သီး၊ ပန်းမုန်လာနှင့် ဂေါ်ဖီထုပ်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ဆွတ်ခူးရောင်းချချိန်တွင် ဈေးနှုန်းကျဆင်းလျက်ကြောင်း သိရသည်။

 

ဆောင်းသီးနှံ ခရမ်းချဉ်သီး၊ ပန်းမုန်လာနှင့် ဂေါ်ဖီထုပ်များကို လွိုင်ကော်မြို့ရှိ စျေးများအပြင် အောင်ပန်းမြို့နှင့် ရန်ကုန်မြို့အထိ သယ်ယူရောင်းချကြသည်။ ခြံသို့လာရောက်ဝယ်ယူပါက ပန်းမုန်လာ တစ်ပွင့်ကို ၁၂၀ ကျပ်ဖြင့် ရောင်းချကြောင်း၊ အချို့ကို အခင်းပြတ်ရောင်းချပြီး တစ်ဆင့်ပြန်လည်ရောင်းချသူများက အရွယ်အစားအပေါ် မူတည်၍ ၅၀၀ ကျပ်အထိ ရောင်းချကြကြောင်း သိရသည်။

 

ယခင်နှစ်က ပန်းမုန်လာကို လွိုင်ကော်စျေး၊ ဖယ်ခုံစျေး၊ ဆီဆိုင်မြို့အထိ ရောင်းချကြရာ စျေးကောင်းရရှိကြောင်း၊ ယခုနှစ် ကိုဗစ်ကာလတွင် လမ်းကြောင်းများ ပိတ်ထားခြင်းကြောင့် စိုက်ပျိုးသီးနှံများမှာ စျေးနှုန်းကျဆင်း သွားကြောင်း၊ သယ်ယူစရိတ် မြင့်မားသည့်အတွက် တစ်ဆင့်ခံ ပွဲစားများကိုသာ အားထားနေရကြောင်း၊ စိုက်ပျိုးထားသည့် သီးနှံများ စျေးကောင်းမရခြင်းကြောင့် အရင်းပြန်မရသည့် သီးနှံများလည်းရှိကြောင်း ဒေသခံ တောင်သူများ၏ ပြောပြချက်အရ သိရသည်။

 

#MRTV