၂၆ ဒီဇင်ဘာ
အမေရိကန်နိုင်ငံကို လာရောက်မယ့် ဗြိတိန်နိုင်ငံသားတွေအနေနဲ့ ရောဂါပိုးကင်းစင်ကြောင်း မှတ်တမ်းလိုအပ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ကြာပသတေးနေ့မှာ ကြေညာပါတယ်။
ဗြိတိန်နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲ အသစ်တွေ့ရှိကြောင်း ထုတ်ပြန်ကြေညာပြီးနောက် နိုင်ငံအများအပြားက ဗြိတိန်နိုင်ငံကနေလာရောက်မယ့် လေကြောင်းလိုင်းတွေကို တားမြစ်ထားပါတယ်။

အမေရိကန်ရောဂါကူးစက်မှု ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ထားချက်အရ ဗြိတိန်နိုင်ငံကနေ လာရောက်မယ့်သူတိုင်း ၇၂ နာရီအတွင်း ဗိုင်းရပ်စ်ပိုးမရှိကြောင်း ဆေးစစ်ချက် လိုအပ်ကြောင်း သိရပါတယ်။
ဗြိတိသျှလေကြောင်းလိုင်းနဲ့ ဒယ်တာလေကြောင်းလိုင်းတို့က ဗြိတိန်ကနေ နယူးယောက်ကို လာမယ့် ခရီးသည်တိုင်း ရောဂါပိုးကင်းစင်ကြောင်း ထောက်ခံချက်ပါရှိရမယ်လို့ သတ်မှတ်ထားပြီးဖြစ်ပါတယ်။
MDN
ကိုးကား - AFP