၂၆ ဒီဇင်ဘာ

ပြင်သစ်နိုင်ငံကို Pfizer-BioNTech ထုတ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးတွေ ပထမအသုတ် အနေနဲ့ ဒီနေ့ (စနေနေ့) အစောပိုင်းမှာ ရောက်ရှိခဲ့ကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၆၂,၀၀၀ ကျော်သေဆုံးခဲ့တဲ့ ပြင်သစ်နိုင်ငံမှာ  မနက်ဖြန် (တနင်္ဂနွေနေ့) ကစပြီး လူအိုရုံနှစ်ခုကို ကာကွယ်ဆေး စတင်ထိုးနှံပေးမှာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ အရှေ့မြောက်ပိုင်း ပူအားစ်ရှိ Pfizer ဆေးဝါးထုတ်လုပ်ရေးစက်ရုံကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို အအေးခန်းပါကားတွေနဲ့ ကာကွယ်ဆေး အလုံး ၁၉,၅၀၀ ဦး ရောက်ရှိလာဖြစ်ပါတယ်။

ပဲရစ်မြို့ကို ရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေကို ပြင်သစ်အရှေ့ပိုင်းရှိ လူအိုရုံနဲ့ ဆပ်ရန်ဒေသရှိ ဆေးရုံတစ်ရုံကို ဖြန့်ချီပေးဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

ဉရောပဆိုင်ရာ ဆေးဝါးအေဂျင်စီက ဒီဇင်ဘာ ၂၁ ရက်နေ့က Pfizer-BioNTech ထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို သုံးစွဲခွင့်ပြုခဲ့ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပြင်သစ်အပါအဝင် ဉရောပအဖွဲ့ ဝင်နိုင်ငံ ၂၇ နိုင်ငံက ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို စတင်မှာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံရှှိ စောင့်ရှောက်ရေးဂေဟာတွေနဲ့ စောင့်ရှောက်ရေးဂေဟာရှိ ဝန်ထမ်းတွေ အားလုံးအတွက် ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်ဟာ ၂၀၂၁ ခုနှစ် အစောပိုင်းအထိ စနိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP