မြန်အောင်၊ ၂၇ ဒီဇင်ဘာ
မြန်အောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြန်အောင်မြို့နယ်အတွင်း ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး ဖွံဖြိုးတိုးတက်စေရန် ကျေးလက်လမ်း (၄)လမ်း၊ တံတား(၄)စင်းနှင့် Box Culvert (၂)ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်အောင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အင်ပင်-ကနောင်လမ်းနှင့် မြန်အောင် ရေနံမြေ-ရွှေပြည်သာ ရေနံမြေလမ်းအား ကျောက်ချောခင်းခြင်း၊ အင်ပင်-ငှက်ကြီးကွင်းလမ်း မြေသားလမ်းအဆင့်မြှင့်တင်ခြင်း၊ မြန်အောင်-ကွင်းကြီးဒေါင့် လမ်းပေါ်တွင် Box Culvert တစ်ခု၊ အင်ပင်-ငှက်ကြီးကွင်းလမ်းပေါ်တွင် Box Culvert တစ်ခုနှင့် ငှက်ကြီးကွင်း-သဲဘို့လမ်းပေါ်ရှိ ရေသိုးချောင်းတံတား တည်ဆောက်ခြင်းတို့ ဆောင်ရွက်မှာဖြစ်ပြီး ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် သပြေကုန်း-ငါးရံဒိုင်းလမ်း ကျောက်ချောခင်းခြင်း၊ သပြေကုန်း-ရွှေကျင်လမ်းပေါ်ရှိ အုန်းနှဲကုန်းတံတား(ဒုတိယပိုင်း)၊ သပြေကုန်း-သဲဖြူလမ်းပေါ်ရှိ ကျွဲရိုးအင်းတံတား (ဒုတိယပိုင်း)နှင့် ပေါက်အိုင်ရွာအဝင်တံတား (ပထမပိုင်း) တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကလျာဦးထံမှ သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)


