မြိုင် ၊ ၂၇ ဒီဇင်ဘာ

 

မကွေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများသည်  မြိုင်မြို့တွင် တည်ဆောက်မည့် အမှတ်(၂)စျေး (ကုန်စိမ်းစျေး) တည်ဆောက်ရန် လျာထားသည့် မြေနေရာကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ကွင်းဆင်းကြည့်ရှုရာတွင် အမှတ်(၂)စျေး တည်ဆောက်မည့် မြေနေရာစီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကို မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်မြင့်က မြိုင်မြို့တွင် အသုံးပြုနေသော စည်ပင်သာယာစျေးတွင် ကုန်စိမ်း(ပျံကျ)တန်းများ လိုအပ်နေသဖြင့် အမှတ်(၂)စျေး (ကုန်စိမ်းစျေး) တည်ဆောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စျေးတည်ဆောက်မှု စနစ်တကျရှိစေရေး၊ သန့်ရှင်းသပ်ရပ်စေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

 

အဆိုပါ တည်ဆောက်မည့် အမှတ်(၂) ကုန်စိမ်းစျေးတွင် အဆောင်(၂၉)ဆောင်နှင့် ဆိုင်ခန်းပေါင်း (၅၇၂)ခန်း ပါရှိမည်ဖြစ်ပြီး စျေးရောင်း၊ စျေးဝယ်များ စနစ်တကျ ရောင်းဝယ်ခြင်း ပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖြိုးမွန်ကျော် (ပြန်/ဆက်)