(၂၇-၁၂-၂၀၂၀ ရက်၊ ဆိုးလ်)
၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၁၃၀) အတွက် ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် Crew Change Supporting Committee Myanmar ၏ စီစဉ်မှုဖြင့် ၂၇-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI)ဖြင့် အထူး ကယ်ဆယ်ရေး လေယာဉ် ပျံသန်း ပြေးဆွဲပေးခဲ့သည်။
၂။ လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၅:၅၂ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသား (၈၀) ဦး၊ ပနားမားမှ (၂) ဦး၊ ဂျပန်မှ (၂၇) ဦး၊ ကနေဒါမှ (၁) ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၄) ဦး၊ စင်ကာပူမှ (၄) ဦး၊ ဗြိတိန်မှ (၂) ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ (၇) ဦး၊ ဟောင်ကောင်မှ (၃) ဦး၊ စုစုပေါင်း (၁၃၀) ဦးတို့မှ စီးနင်းလိုက်ပါသွားခဲ့သည်။
၃။ လိုက်ပါသည့် ခရီးသည်များအား လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေး အတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ကြသည်။
#Ministry of Foreign Affairs Myanmar


