နေပြည်တော်၊ ၂၇ ဒီဇင်ဘာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့၊ ဘွန်တောင်ကျေးရွာ၊ (၁၉)မိုင် သစ်သီးဆိုင်တန်းရှေ့တွင် မသင်္ကာဖွယ် ရပ်တန့်ထားသည့် IPSUM အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ ယာဉ်မောင်း ရှောက်ပန်းနှင့် ငွါးတား တို့အား တွေ့ရှိပြီး ယာဉ်ပေါ်ရှိ ဘိန်းဖြူ သုည ဒသမ ၅၅ ကီလို ကိုလည်းကောင်း။
ထို့အတူ ယင်းနေ့ နံနက်ပိုင်းက ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာ အုပ်စု၊ လတိန်ကျေးရွာနေ တင်ဖေ၏ နေအိမ်ကို ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ နေအိမ်မှ ဘိန်းစိမ်း ၁၆ ကီလို ကိုလည်းကောင်း၊ ဆက်လက်၍ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မယ်ခေါင်(၄)လမ်း တွင် အောင်ဒေါင်းညို မောင်းနှင်ပြီး စိုင်းဆွန်ဖစ် လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့် စစ်ဆေးရှာဖွေရာ အောင်ဒေါင်းညို ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)