ရန်ကုန်၊ ၂၇ ဒီဇင်ဘာ
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တွင် လူ့အခွင့်အရေးအခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသူ/ သင်တန်းသားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Rights For Life မှ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံးကြီးတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး ပစ္စည်းများကို ယနေ့ မွန်းလွဲပိုင်းတွင် မြောက်ဥက္ကလာပ အထွထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံးကြီးသို့ သွားရောက်လှူဒါန်းသည်။
ထို့သို့ လှူဒါန်းရာတွင် Rights For Life မှ တာဝန်ရှိသူများက မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေး ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာဝင်းသန္တာဖြူထံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများ ပေးအပ်လှူဒါန်းပြီး ဒေါက်တာ ဝင်းသန္တာဖြူ က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
သတင်းစဉ်


