အုတ်တွင်း ၊ ၂၇ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ညောင်ကြတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်း၌ ဒီဇင်ဘာ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဘိလပ်မြေဖျော်ရည်တင် ၁၀ ဘီးကား တစ်စီးအရှိန်လွန်တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူတစ်ဦး စိုးရိမ်ရဒဏ်ရာများရရှိ ခဲ့ကြောင်းသိရသည်။
ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ စည်သူ မောင်းနှင်ပြီး မင်းရှိုင်းကို လိုက်ပါလာသော ၁၀ ဘီး ယာဉ်သည် ကားလမ်းမိုင်တိုင်အမှတ် ၁၅၄/၀ နှင့် ၁၅၄/၁ အကြား အခင်းဖြစ်နေရာအရောက် အရှိန်လွန်ကာ ကားလမ်း၏ ဝဲဘက်ခြမ်းသို့တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ မင်းရှိုင်းကိုမှာ စိုးရိမ်ရဒဏ်ရာများရရှိခဲ့၍ ယာဉ်မောင်း စည်သူအား အုတ်တွင်းမြို့မ ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ကိုလွင်(ဆွာ)