၂၈  ဒီဇင်ဘာ

ဒီလိုပြန့်ပွားနေတဲ့အထဲက ကျွန်မတို့ တချို့နေရာတွေမှာ၊ အထူးသဖြင့် Stay at Home မဟုတ်တဲ့ နေရာတွေပေါ့။ နောက်ပြီးတော့ တချို့ကဏ္ဍတွေမှာ ကျွန်မတို့ ဖြေလျှော့ပေးပါတယ်။ ဒီလိုဖြေလျှော့ပေးရတဲ့ အကြောင်းရင်းကလည်း ပြန်ပြီးတော့၊ သာမန်အနေအထားကို ပြန်ပြီးတော့ အမြန်ဆုံး ကျွန်မတို့လုပ်နိုင်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ ဥပမာဆိုရင် ပြည်တွင်းလေကြောင်းတွေကို ပျံသန်းဖို့ဟာ ကျွန်မတို့ စစီစဉ်ပါပြီ။ ဒါတော့ စည်းမျဉ်းစည်းကမ်း၊ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီစွာပေါ့။ တိတိကျကျ ကျွန်မတို့လုပ်မှာ ဖြစ်ပါတယ်။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဉက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၁၁-၁၂-၂၀၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)