(၂၈-၁၂-၂၀၂၀ ရက်၊ အာမန်မြို့)
ကမ္ဘာနှင့်အဝှမ်း ဖြစ်ပွားနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကြောင့် ဂျော်ဒန်နိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းပြေးဆွဲမှုများ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအတွက် အဋ္ဌမအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဖြစ် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) ဖြင့် လေယာဉ်ခရီးစဉ်စီစဉ်ပေးခဲ့ရာ ၂၇-၁၂-၂၀၂၀ ရက်၊ ဒေသစံတော်ချိန် ၁၈:၃၀ အချိန်တွင် ဂျော်ဒန်နိုင်ငံ၊ အာမန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွက်ခွာသွားခဲ့ပါသည်။
အဆိုပါလေယာဉ်ခရီးစဉ်တွင် Jerash ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၂) ဦး၊ Sidney Apparel ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၂) ဦး၊ Rich Pine ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၁၇) ဦး၊ Century Miracle ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၃၁) ဦးနှင့် Camel and Vega ကုမ္ပဏီတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား (၁၂၀) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၇၂) ဦး လိုက်ပါသွားခဲ့ကြပါသည်။ အဆိုပါ မြန်မာနိုင်ငံသားများအနက်မှ (၂၁) ဦးသည် နိုင်ငံကူးလက်မှတ်သက်တမ်းများ ကျော်လွန်နေကြသည့်အတွက် အဆင်ပြေချောမွေ့စွာ နေရပ်ပြန်နိုင်ရေးကို ထောက်ရှု၍ သံရုံးထောက်ခံစာများကို အခမဲ့အချိန်မီ ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
Crd>Ministry of Foreign Affairs Myanmar


