စစ်ကိုင်း ၂၈ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများအတွက် နွေရာသီကာလ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ရေရှိရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ထုံးဘိုကျေးရွာအုပ်စု၊ မြေတိုင်းကျေးရွာ၌ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဒီဇင်ဘာ ၂၇ ရက်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၂ ဦးစည်သူဝင်းနှင့် ဝန်ထမ်းများအဖွဲ့က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မူလခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အကျယ် ၄ လက်မ၊ အနက်ပေ ၄၀၀ ရှိ စက်ရေတွင်း၊ ရေစက်ရုံနှင့် ဂါလန် ၂၀၀၀ ဆံ့ အုတ်ရေကန်များကို ကွင်းဆင်းစစ်ဆေးပြီး အဆိုပါဆောင်ရွက်ပြီး လုပ်ငန်းများကို ကျေးရွာ ရေကော်မတီထံသို့ လွှဲပြောင်းပေးအပ်ကာ ရေပေးဝေရေး ပြုပြင်ထိန်းသိမ်းနည်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဒေါ်စုစုလင်းထံမှ သိရသည်။

 

ဇော်မင်းဌေး