ပေါင် ၊ ၂၈ ဒီဇင်ဘာ
ပေါင်မြို့နယ်၊ မုတ္တမကျေးရွာ၊ ပုသိမ်ကွင်းရပ်ကွက်၊ အမှတ်(၂၀) နယ်မြေတွင် ဒီဇင်ဘာ ၂၇ ရက် ည ၇ နာရီ မိနစ် ၄၀ ခန့်က ထင်းမီးဖိုဖြင့် ရေနွေးအိုးတည်ရာမှ အနီးရှိထရံအား မီးကူးစက်ကာ နေအိမ်လေးလုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပုသိမ်ကွင်းရပ်၊ အမှတ်(၂၀) နယ်မြေနေ ဒေါ်ချိုချိုခိုင်၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ ဖြစ်ပွားရာနေရာသို့ သထုံခရိုင်မီးသတ်စခန်း၊ မော်လမြိုင်မြို့နယ်မီးသတ်စခန်း၊ ပေါင်မြို့နယ်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းများမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်၍ မီးငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာအသုံးပြုသူ ဒေါ်ချိုချိုခိုင်အား မုတ္တမနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ပေါင် (ပြန်/ဆက်)