၂၈ ဒီဇင်ဘာ

 

 

ဂျပန်နိုင်ငံတွင် ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်  အဋ္ဌမမြောက် ကူးစက်မှု တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

အဆိုပါ ရှစ်ဉီးမြောက် ကူးစက်ခံရသူ အမျိုးသမီးမှာ အသက် ၅၀ အရွယ် ဖြစ်ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့က စမ်းသပ်စစ်ဆေးမှုအတွင်း ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ 

 

 

အဆိုပါ အမျိုးသမီးသည် ဒီဇင်ဘာလ ၁၃ ရက်နေ့ ဗြိတိန်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်လာခဲ့ခြင်းဖြစ်ပြီး လေဆိပ်ရှိ ကွာရန်တင်းစင်တာတွင် ဗိုင်းရပ်စ်ပိုး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

 

 

အဆိုပါ အမျိုးသမီးသည် ဂျပန်နိုင်ငံ ပြန်ရောက်ကတည်းက မည်သူနှင့်မျှ အဆက်အသွယ် မရှိပဲ သီးခြားခွဲ နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း  ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

ဗြိတိန်နိုင်ငံမှ ပြန်ရောက်လာသည့် ခရီးသွား ငါးဉီးကို လေဆိပ်၌ သီးခြားထားရှိသည့် နေရာတွင် စစ်ဆေးစဉ်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့က ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn