၂၈ ဒီဇင်ဘာ
အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၀၀၂၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကူးစက်ခံရသူစုစုပေါင်း ၁၀၂၀၇၈၇၁ ဦး အထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန နောက်ဆုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ မနက်ပိုင်းကစပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၂၇၉ ဦး ရှိပြီး သေဆုံးသူပေါင်း ၁၄၇၉၀၁ ဦး အထိ ရှိလာကြောင်း ထိုထုတ်ပြန်ချက်အရ သိရသည်။
နိုင်ငံအတွင်း ဆေးကုသမှုခံယူပြီးနောက် ဆေးရုံများမှ ဆင်းခွင့်ရသူ ၉၇၈၂၆၆၉ ဦးရှိပြီး ၂၇၇၃၀၁ ဦး ကုသမှုခံယူနေဆဲ ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါစမ်းသပ်မှု အကြိမ်ပေါင်း သန်း ၁၆၀ ကျော် လုပ်ဆောင်ခဲ့ပြီး နိုင်ငံအနှံ့တွင် ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
ဒေလီမြို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အများဆုံး ဖြစ်ပွားရာ နေရာများအနက် တစ်နေရာဖြစ်သည်။ ထိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ ၇၅၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၁၆ ဦး ထပ်မံသေဆုံးခဲ့သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၁၀၄၅၃ ဦး အထိရှိကြောင်း ဒေလီကျန်းမာရေးဌာနက အတည်ပြု ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို