ဆိုးလ် ၊ ၂၉ ဒီဇင်ဘာ
COVID-19 ကူးစက်ရောဂါကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေးစီစဉ်ပေးလျက်ရှိရာ ၂၉-၁၂-၂၀၂၀ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် (၃၇) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့သည်။
အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၆:၀၆ နာရီအချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ (၆၀)၊ ကနေဒါမှ (၁)ဦး၊ ကမ္ဘောဒီးယားမှ (၂)ဦး၊ ပြင်သစ်မှ (၁)ဦး၊ ဂျာမနီမှ (၁) ဦး၊ တောင်အာဖရိကမှ (၆) ဦး၊ ဆွစ်ဇာလန်မှ (၃) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁၃) ဦး၊ ခရီးသည် စုစုပေါင်း (၈၇) ဦးတို့ စီးနင်းလိုက်ပါခဲ့သည်။
အဆိုပါ ခရီးစဉ်၌ လိုက်ပါမည့် ခရီးသည်များ လေဆိပ်၌ အခက်အခဲတစ်စုံတစ်ရာမရှိစေရေးအတွက် မြန်မာသံရုံး ဆိုးလ်မြို့မှ သံရုံးဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
#Ministry_of_Foreign_Affairs_Myanmar


