ကြို့ပင်ကောက်၊ ၂၉ ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်ရှိ ကေတီဗွီဆိုင်များအား မြို့နယ်မှ တာဝန်ရှိသူများက ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက ဆောင်ရွက်ကြသည်။

ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားရာကာလအတွင်း ဘား၊ နိုက်ကလပ်၊ ကေတီဗွီများ ဖွင့်လှစ်ခြင်း ရှိ၊ မရှိကို မြို့မရဲစခန်းမှူး ဒုတိယရဲမှူးကျော်သီဟ ဦးဆောင်သောအဖွဲ့က ကေတီဗွီဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး မြို့မရဲစခန်းမှူးက ဆိုင်ပိုင်ရှင်များအား ကိုဗစ်-၁၉ အလွန်ကာလ ပြန်လည်ဖွင့်ခွင့်ပေးမှသာ ဖွင့်လှစ်ကြရန်နှင့် လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ရှောင်တခင်စစ်ဆေးခြင်းကို မြို့မရဲစခန်းမှူး ဦးဆောင်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)