ထီးချိုင့်၊ ၂၉ ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောင်းလမ်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ၏ ၅၀ ရာခိုင်နှုန်း၊ ခွင့်ပြုငွေကျပ်သိန်း (၁၅၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်မှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦးနှင့် ဝန်ထမ်းများက ဒီဇင်ဘာ  ၂၉  ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။

ကျောင်းလမ်းကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်မှုအနေဖြင့် အလျား  ပေ ၁၀၀၀၊ အကျယ် ၁၀ ပေ၊ ထု ၇ လက်မကို ကျေးရွာသူ ကျေးရွာသားများ၏ လုပ်အားဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာအတွင်း လမ်းပန်းဆက်သွယ်ရေးမှာ ယခင်ကထက် ပိုမိုကောင်းမွန်လာပြီး ဒေသခံပြည်သူများ၏ ပညာရေး၊ စီးပွားရေး၊ လူမှုဘဝ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

မွှေးကြူဇင်