နေပြည်တော်၊ ၂၉ ဒီဇင်ဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့်စပ်လျဉ်း၍ ပံ့ပိုးကူညီလျက်ရှိသည့် Suu Foundation ၏ CEO and President, Dr. Michael Marett- Crosby ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၃၀) ရေးဆွဲထားရှိမှုနှင့် အကောင်အထည်ဖော်ရေးကိစ္စ၊ ကမ္ဘာ့ကုလသမဂ္ဂ ဥရောပဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (United Nations Economic Commission for Europe – UNECE) က သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ညီညွတ်သည့် E-mark ပါ ဆိုင်ကယ်စီးဦးထုပ်များကို နိုင်ငံတစ်ဝန်း အသုံးပြုနိုင်စေရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာများ၊ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးရေး ဆွေးနွေးပွဲများနှင့် လှုပ်ရှားမှုများ ဆောင်ရွက်ရေးကိစ္စ၊ လမ်းများတည်ဆောက်ရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအစီအစဉ်များ ထည့်သွင်းရေးနှင့် စစ်ဆေးရေးဆိုင်ရာ Road Safety Audit (RSA) & Road Safety Inspection System (RSI) အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များနှင့် Suu Foundation က မြန်မာနိုင်ငံ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများအတွက် အနာဂတ်တွင် ဆက်လက်ပံ့ပိုးကူညီသွားမည့် ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


