လိပ်သို ၃၀ ဒီဇင်ဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး အဓိက စီးပွားရေးလုပ်ငန်းအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကထား လုပ်ကိုင်လျက်ရှိရာ စီးပွားရေး လုပ်ငန်းအရ သီးနှံများစွာရှိသည့်အတွက် ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းလည်း တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရသည်။

 

လိပ်သိုဒေသတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီစိုက်တောင်သူများအား ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေးသင်တန်းများ ပို့ချလျက်ရှိပြီး စိုက်ပျိုးနိုင်မှု အဆင့်မြှင့်တင်ခြင်း၊ အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ ပင်အိုတက် သစ်မွေးမြူခြင်း၊ ကော်ဖီဆွတ်ခူးချိန် နည်းလမ်းမှန်ကန်စေရေး စသည့် နည်းပညာများအား သင်တန်းများပို့ချ၍  အသိပညာပေးခဲ့ကြောင်း သိရသည်။

 

ယခုအခါ ကျေးရွာများတွင် ကော်ဖီသီးနှံများ ရင့်မှည့်လာပြီဖြစ်၍ ကော်ဖီစိုက် တောင်သူများ စတင်ဆွတ်ခူးလျက်ရှိပြီး လိပ်သိုမြို့ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးနှင့် သုတေသနခြံ (ကျောက်တိုင်) သို့ နေ့စဉ်ပေးပို့လျက်ရှိကြရာ အချို့သော တောင်သူများမှာ မိရိုးဖလာအတိုင်း  ဆွတ်ခူး နေလှန်းလျက်ရှိကြကြောင်း သိရသည်။

 

နွယ်နွယ်ခိုင် (ပြန်/ဆက်)

 

mdn