ရန်ကုန်၊ ၃၀ ဒီဇင်ဘာ
မြန်မာရုပ်ရှင်ချစ်သူပရိသတ်များအတွက် ဂျပန်ရုပ်ရှင်ပွဲတော်ကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် နှစ်စဉ် ရုံတင်ပြသကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ်အတွက် ဂျပန်ရုပ်ရှင်ပွဲတော်ကို JFF Plus : Online Festival အဖြစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ ၂၂ ရက်အထိ ဂျပန်ရုပ်ရှင်ကားပေါင်း ၂၇ ကားကို မိမိတို့နေအိမ်တွင် နေထိုင်ရင်း website မှတစ်ဆင့်ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။
ဂျပန်ရုပ်ရှင်ပွဲတော်သတင်းအချက်အလက်များ ပွဲတော်အစီအစဉ်နှင့် ရုပ်ရှင်ပြသချိန် ရုပ်ရှင် မိတ်ဆက် အကြောင်းများကို သိမြင်ဖတ်ရှုနိုင်ရန်အတွက် Japanese Film Festival Myanmar ကို Like & Follow လုပ်ထားရမည်ဖြစ်သည်။
အဆိုပါရုပ်ရှင်ပွဲတော်တွင် Comedy, Drama , Romance , Thriller , Animation , Classic , Documentary စသည့် ကဏ္ဍအလိုက် ရုပ်ရှင်များကိုစုံလင်စွာကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။ ရုပ်ရှင်ပြသမည့်အချိန်နှင့်နေ့ရက်များကို https : // watch . jff . jpf . go . jp / page / myanmar တွင် ကြိုတင်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်သူရ


