နေပြည်တော်၊ ၃၀ ဒီဇင်ဘာ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ စိစစ်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၇.၆၈၁) သန်း၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ (၈၂ ဒသမ ၀၇၅) သန်း ခွင့်ပြုဆောင်ရွက်ပေးနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
*ရင်းနှီးမြှုပ်နှံမှုပမာဏများ၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ထားသည့် ပမာဏများထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
၄။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးကျပ် (၆၂၉၆၂ ဒသမ ၃၁၉) သန်းနှင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးကျပ် (၆၈၉၇ ဒသမ ၇၀၀) သန်း ခွင့်ပြုဆောင်ရွက်ပေးနိုင်ခဲ့သည်။
၅။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ခွင့်ပြုခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
*ရင်းနှီးမြှုပ်နှံမှုပမာဏများ၌ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ထားသည့် ပမာဏများ ထည့်သွင်း ဖော်ပြ ထားခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ကဏ္ဍအလိုက် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့ဖန်တီးနိုင်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်-
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု တွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၏ ကဏ္ဍအလိုက်ပြည်တွင်းလုပ်သားများအတွက် အလုပ် အကိုင် အခွင့်အလမ်းများ တိုးချဲ့ဖန်တီးနိုင်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်သည်-
(သတင်းစဉ်)


