၃၀ ဒီဇင်ဘာ
ခရိုအေးရှားနိုင်ငံ အလယ်ပိုင်းတွင် အင်းအားပြင်းထန်းသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ခြောက်ဉီး သေဆုံးခဲ့ပြီး ၂၆ ဉီး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ငလျင်သည် အနက် ၁၀ ကီလိုမီတာ ပြင်းအား ၆ ဒသမ၄ ဖြင့် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘူမိဗေဒဆိုင်ရာအဖွဲ့က ပြောသည်။
အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဉီး အပါအဝင် အခြားသူ ငါးဉီးပါ သေဆုံးခဲ့ကြောင်း ခရိုအေးရှား တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ခရိုအေးရှား ဝန်ကြီးချုပ် အန်ဒရောပလန်ကိုဗက်က ဘေးအန္တရာယ် ကျရောက်ရာ နေရာသို့ သွားရောက်ခဲ့ပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တပ်ဖွဲ့များ စေလွှတ်ခဲ့သည်ဟု ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်