၃၀ ဒီဇင်ဘာ

 

 

စင်ကာပူနိုင်ငံတွင် ယနေ့ နံနက်ပိုင်း၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း စတင်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများအား ဉီးစွာ ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

 

ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုများ အပါအဝင် လူပေါင်း ၃၀ ကျော်ကို ယနေ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခဲ့သည်ဟု ဆိုသည်။

 

 

ကျန်ရှိနေသေးသည့် ကျန်းမာရေးဝန်ထမ်းများအား ၂၀၂၁ ဇန်နဝါရီလ မှစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးမည်ဖြစ်ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အသက် ၇၀ နှစ်အထက် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးပေးမည်ဟု စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

 

 

စင်ကာပူပြည်သူများနှင့် စင်ကာပူနိုင်ငံတွင် ကာလာကြာရှည်နေထိုင်သူများကို ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်