၃၀ ဒီဇင်ဘာ
အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာ ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲအသစ် ကူးစက်ခံထားရသူ တစ်ဦး ပထမဆုံး တွေ့ရှိထားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။
ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်တဲ့ အသက် ၂၀ ကျော် အမျိုးသားတစ်ဦးတွင် ဗြိတိန်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲအသစ်ကို တွေ့ရှိခဲ့ကြောင်း၊ ပိုးတွေ့ရှိသူမှာ ခရီးသွားရာဇဝင်ရှိသူ မဟုတ်ကြောင်း၊ လက်ရှိအချိန်မှာ သီးသန့်ထားရှိပြီး ကုသမှုလုပ်ဆောင်နေကြောင်း၊ ပိုးတွေ့သူနဲ့ ဆက်စပ်သူတွေအား ရှာဖွေနေကြောင်း ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။
မြောက်အမေရိကနိုင်ငံတွေမှာ ကော်လိုရာဒိုပြည်နယ်က ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲအသစ် တွေ့ရှိသူ ဒုတိယမြောက်ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့သီတင်းပတ်က ကနေဒါနိုင်ငံမှာ တစ်ဦးတွေ့ခဲ့ကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံနဲ့ ကမ္ဘာ့ တခြားနိုင်ငံ တစ်ဒါဇင်ကျော်မှာ ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲအသစ် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃,၀၀၀ ကျော်ရှိသွားပြီလို့ ဥရောပသမဂ္ဂရဲ့ ကျန်းမာရေးအဖွဲ့ ECDC) က ထုတ်ပြန်ပါတယ်။
MDN
ကိုးကား - AFP