မြဝတီ၊ ၃၀ ဒီဇင်ဘာ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ် ဘတ်ဂျက်ခွင့်ပြု ရန်ပုံငွေကျပ် သိန်း ၆၉၈၀၀၀ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြဝတီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူကြီးကြပ်ဆောင်ရွက်နေသော မြဝတီမြို့နယ် ဖလူးကြီး-ထီးမယ်ဝါးခီးလမ်းပိုင်း (၂/၄ မိုင် x ၁၂ ပေ x ၂၁ လက်မထု) ကွန်ကရစ်ခင်းရန် လုပ်ငန်းများဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ ဖလူးကြီး-ထီးမယ်ဝါးခီးလမ်းပိုင်းသည် (၃/၇)မိုင်ခန့်ရှိပြီး (၂/၄) မိုင်အား ဒေါနအလင်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ရာ ၂၀၂၁ ခုနှစ် ဧပြီလပိုင်းတွင် အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ကျန်လမ်းပိုင်း (၁/၃) မိုင်ခန့်ကို လာမည့်ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံအခြေစိုက်ကုမ္ပဏီက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ မြဝတီမြို့နယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကရင်ပြည်နယ် ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၇၅ ဒသမ ၆၆၀ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြဝတီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူကြီးကြပ် ဆောင်ရွက်နေသော ဖားချောင်း-အတွင်းမဲကနယ်လမ်း (၁/၀ မိုင် x ၁၂ ပေ x ၉ လက်မထု) ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
မန်းသန်းရွှေမြင့်


