၃၀ ဒီဇင်ဘာ
ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး နောက်တစ်မျိုးဖြစ်တဲ့ AstraZeneca/Oxford မှ ထုတ်လုပ်သော ကာကွယ်ဆေးအား ဗြိတိန်နိုင်ငံ အတွင်းမှာ သုံးစွဲခွင့် ခွင့်ပြုလိုက်ကြောင်း အစိုးရက ဒီနေ့(ဗုဒ္ဓဟူးနေ့) ကြေညာလိုက်ပြီး အဲဒီဆေးတွေကို ဇန်နဝါရီ ၄ ရက်နေ့မှာ စတင်ထိုးနှံပေးမယ်လို့ ဆိုပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ်နဲ့ အက်စ်ထရာ ဇနက်ကာ တို့ ပူးတွဲထုတ်လုပ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ Pfizer/BioNTech ထုတ် ကာကွယ်ဆေးနဲ့ Moderna ထုတ် ကာကွယ်ဆေးတို့ထက် သိုလှောင်ဖြန့်ချိရေးမှာ လွယ်ကူတာကို တွေ့ရပါတယ်။
အောက်စဖို့ဒ်တက္ကသိုလ်နဲ့ အက်စ်ထရာ ဇနက်ကာတို့ ဆေးဟာ သာမန် ရေခဲသေတ္တာ အတွင်းမှာ သိမ်းဆည်းနိုင်တဲ့အတွက် ဆေးတန်ဖိုးဟာ ဈေးနှုန်းချိုသာသလို ဆေးထိုးနှံရေးအတွက်လည်း လွယ်ကူတာကို တွေ့ရပါတယ်။
ဗြိတိန်ကျန်းမာရေးဝန်ကြီးက ဇန်နဝါရီ ၄ ရက်နေ့မှာ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ အက်စ်ထရာ ဇနက်ကာတို့ ပူးတွဲထုတ်လုပ်ထားတဲ့ ဆေးအား ပြည်သူလူထုကို ထိုးနှံပေးမယ့် ပထမဆုံးနိုင်ငံဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ်ကို မျှော်လင့်ချက်အသစ်တွေ ကောင်းမွန်စွာ အဆုံးသတ်မယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။
အက်စ်ထရာ ဇနက်ကာ ဆေးကုမ္ပဏီရဲ့ အုပ်ချုပ်ရေး ညွှန်ကြားရေးမှူးက သူတို့ ထုတ်လုပ်ထားတဲ့ ဆေးဟာ ကပ်ရောဂါပိုးကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြောပါတယ်။
AstraZeneca/Oxford မှ ထုတ်လုပ်သော ကာကွယ်ဆေး စမ်းသပ်ရေးမှာ ပါဝင်သူတွေ ၉၀ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး နှစ်လုံးထိုးပြီးနောက်မှာ ထိရောက်တဲ့ ကာကွယ်မှုရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP