နေပြည်တော် ၃၀ ဒီဇင်ဘာ

လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ (၂/၂၀၂၀) အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ ရုံးအမှတ် (၁၂)၌ Online စနစ် ဖြင့်ကျင်းပသည်။

အစည်းအဝေးတွင်  လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ယခုကာလ၌ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးကျဆင်းလာသည့် အခြေအနေတွင် အရေးကြီးလာသည့် လူမွဲခံယူခြင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

အစည်းအဝေး၌ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ /၂၀၂၀ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများအသင်း Insolvency Practitioner Association ကို အသိအမှတ်ပြုကြောင်း ကြေညာရန်ကိစ္စ၊ လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူ မှတ်ပုံတင်လက်မှတ်ပုံစံနှင့် အခကြေးငွေများ သတ်မှတ်သည့် အမိန့်ကြော်ငြာစာအပေါ် ကောင်စီဝင်များ၏ သဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ စိစစ်ချက်၊ မှတ်ပုံတင်အရာရှိအဖြစ် လွှဲအပ်ခြင်းခံရသူအမည်စာရင်းကိစ္စ၊ ကော်မတီများဖွဲ့စည်းရန်ကိစ္စ၊ MyCO Online System တွင် လူမွဲခံယူခြင်းဆိုင်ရာ ကျွမ်းကျင်သူများ မှတ်ပုံတင်ခြင်းကို အတည်ပြုရန်အတွက် ကောင်စီကိုယ်စား Document Examiner အဖြစ်တာဝန်ယူ ဆောင်ရွက်နိုင်မည့်သူများ အမည်စာရင်း တောင်းခံလာခြင်းကိစ္စ စသည်တို့ကို အစီအစဉ်အတိုင်း ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကောင်စီဝင်များက အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကြီးကြပ်ရေးကောင်စီဝင်များဖြစ်သည့် တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ကိုယ်စား တရားလွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဥက္ကဋ္ဌ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းမှ နာယက၊ ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်များ၊ မှတ်ပုံတင်အရာရှိကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်