တမူး၊   ၃၁   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်အတွင်းရှိ ကမ္မကြီး၊ တီးတိန်ယံကျေးရွာနှစ်ရွာရှိ လယ်ယာမြေဧက ၁၈၀၀ ကျော်မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်ကုန်ထုတ်လမ်းနှစ်လမ်း၊ Box Culvert တံတားသုံးစင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကမ္မကြီးကျေးရွာတွင် ကုန်ထုတ်လမ်း အရှည် ၃ မိုင်၊ အကျယ် ၁၂ ပေ x  ထု မြေသား ၂ ပေ x ဗြုန်းကျောက် ၉ လက်မခင်းခြင်းလုပ်ငန်းနှင့် ယင်းကုန်ထုတ်လမ်းပေါ်တွင် အလျားပေ  ၂၀ x အနံ ၁၄ ပေ x အမြင့် ၁၀ ပေ တံတားတစ်စင်း၊  အလျား ၈ ပေ x အနံ ၁၆ ပေ x အမြင့် ၆ ပေတံတား နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ တီးတိန်ယံကျေးရွာတွင် လမ်းအရှည် ၂ မိုင် အကျယ် ၁၂ပေ ထု x မြေသား ၂ပေ x ဗြုန်းကျောက် ၉လက်မ ခင်းခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၄၈ ဒသမ ၂ သန်းဖြင့် တင်ဒါအောင်မြင်သော စိန်သစ္စာကုမ္ပဏီမှ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှစတင်၍ ဆောင်ရွက်သွားမည်ပြီး ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက လယ်ယာမြေဧက ၁၈၀၀ ကျော်မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီရောက်ရှိတော့မည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းသူ