နေပြည်တော်၊ ၃၁ ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ငွေကျပ် ၆ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်အဖက် တမင်း) များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး ပမာဏအများအပြား သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ ဒီဇင်ဘာ ၃၀ ရက် ည ၇ နာရီခွဲခန့်တွင် ဒိုက်ဦးမြို့၊ ဒိုက်ဦး - စစ်တောင်း သွားကားလမ်း၊ မိုင်တိုင် အမှတ်(၂၁/၃)အနီး ပူးပေါင်း စစ်ဆေးရေးစခန်းတွင် စောင့်ဆိုင်းနေစဉ် ဒိုက်ဦးမြို့ဘက်မှ  စစ်တောင်းမြို့ဘက်သို့ ကိုကိုဦး မောင်းနှင်လာသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းရှိ ဆာလာအိတ်များအတွင်းမှ အိုက်စ် ၁၀၀ ကီလို ငွေကျပ် (၆) ဘီလီယံတန်ဖိုးကို သိမ်းဆည်းရမိခဲ့သဖြင့် ကိုကိုဦး(၄၆)နှစ်အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း 

သတင်းစဉ်