နေပြည်တော်၊  ၃၁  ဒီဇင်ဘာ   

 

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan -NESP) (2021-2030) ရေးဆွဲရေးအတွက် အခြေခံပညာကဏ္ဍနှင့် နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍများမှ ဆရာဆရာမများနှင့် ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ အစီအစဉ်ကို ယနေ့ နံနက် ၉ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အခြေခံပညာ၊ နည်းပညာနှင့် သက်မွေးပညာ၊ အဆင့်မြင့်ပညာ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် အဆင့်မြင့် ပညာဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက ရင်းနှီးပွင့်လင်းစွာ မေးမြန်း၊ ဆွေးနွေး၊ အကြံပြုခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရင်းနှီးစွာအသေးစိတ် ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက်  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားနှင့် ကျေးဇူးတင်စကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။  

 

သတင်းစဉ်