စေတုတ္တရာ၊  ၁ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ခြောက်ဦးအား ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။

 

ကိုဗစ်-၁၉ အတည်ပြုလူနာ ခြောက်ဦးမှာ  အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့ဖြစ်ပြီး ဒီဇင်ဘာ ၂၂ ရက်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကာ သတ်မှတ်ရက် ၁၁ ရက်အတွင်း ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

 

စေတုတ္တရာမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ကိုးဦးရှိပြီး လူနာအားလုံးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်ထံမှ  သိရသည်။

 

ခင်သန်းလှိုင်(ပြန်/ဆက်)