နေပြည်တော်၊ ၁   ဇန်နဝါရီ

 

သုတဝေဖြာသီရိဂေဟာ အသိပညာပေးအစီအစဉ် (Family Quiz) မိသားစုပြိုင်ပွဲ၏ ပွဲစဉ် (၄)ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ ညနေတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆက်လက်ထုတ် လွှင့်မည် ဖြစ်သည်။

အဆိုပါ ပွဲစဉ်(၄)၏ စီးပွားရေးဆိုင်ရာ အသိပညာပေးအစီအစဉ်ကို တေးသံရှင် ရဲထိုက်နှင့် မေဇင်အောင် တို့က တင်ဆက်ကြမည်ဖြစ်ပြီး မိသားစုလေးစုဖြင့် သုံးပွဲယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇန်နဝါရီ (၂ ၊ ၃ ) ရက်များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ညနေ (၆)နာရီသတင်းအပြီးနှင့် MRTV Facebook Page တို့၌ ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်