နေပြည်တော်၊ ၁ ဇန်နဝါရီ

 

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီခွဲတွင်  တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ပါဝုန်းကျေးရွာ အနီးရှိ လမ်းဘေးလယ်ကွင်းစပ်ရှိ ကောက်ရိုးပုံအောက်တွင် မသင်္ကာဖွယ် အထုပ်များ တွေ့ရှိကြောင်း သတင်းအရ သွားရောက် စစ်ဆေးရှာဖွေရာ ငွေကျပ် ၁ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၀၅ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

 

ထို့အတူ ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၄၀ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)တွင် စိုင်းကျော်ထွန်း(ခ)ရှမ်းလေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄,၀၅၀ကို လည်းကောင်း။

 

 

အလားတူ ဇန်နဝါရီ ၁ ရက် နံနက် ၂ နာရီတွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ နန်းတိုင်းကျေးရွာအနီး၊ နန်းတိုင်း-ရွာသစ်ကုန်း ကျေးရွာသွားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ထွန်းရီ နှင့် ကျော်အောင်တို့  ၂ ဦးအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။  

 

 

(ရဲပြန်ကြား)