ရွှေဘို ၊ ၁ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးအောင်သန်းဦးမှ ရွှေဘိုငါးလုပ်ငန်းစခန်းသို့ ယမန်နေ့ကရောက်ရှိပြီး စခန်းရှိ ဝန်ထမ်းများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ဦးစီးမှူးသည် ရွှေဘိုငါးလုပ်ငန်းစခန်း၏ အနောက်ဘက်လိုင်းနှင့် တောင်ဘက်လိုင်း ခြံစည်းရိုးသွပ်ဆူး ကြိုးကာရန်ခြင်း စတင်ဆောင်ရွက်နေမှုနှင့် ဂါလန်(၂၄၀ဝ)ဆံ့ sရေစင်အား ကြံခိုင်မှု ရှိစေရေး အတွက် ဆောင်ရွက်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)


