ရန်ကုန်၊ ၁   ဇန်နဝါရီ

 

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက် ညနေ ၆ နာရီခွဲက  ဦး----သည် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းအတိုင်း ၅၄ လမ်းဘက်မှ ၅၃ လမ်းဘက်သို့ လမ်းလျှောက်လာစဉ် အမည်မသိအမျိုးသား နှစ်ဦး ဆိုင်ကယ်ဖြင့် မောင်းနှင်လိုက်ပါလာပြီး ဆိုင်ကယ်နောက်ထိုင်လိုက်ပါလာသူက ၎င်းထံမှ I Phone 12 Pro Max တစ်လုံး၊ Samsung Note 20 တစ်လုံး၊ ငွေကျပ် (၁)သိန်းနှင့် TOYOTA RUSH ကားသော့တစ်ချောင်းပါ ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားခဲ့သဖြင့် တိုင်တန်းခဲ့သည်။

 

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ထိုနေ့ မွန်းလွဲ ၁ နာရီတွင် ပြစ်မှုကျူးလွန်သူ စလင်း အား ဒုဋ္ဌဝတီ(၄)လမ်း၊ (၆၇)ရပ်ကွက်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှလည်းကောင်း၊  မွန်းလွဲ ၂ နာရီခွဲတွင် ဇော်မင်းထွန်းအား ရွှေပြည်သာမြို့နယ်  ဝါးတစ်ရာလမ်းဆုံမှလည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။

 

ဖမ်းဆီးရမိသူ စလင်း နှင့် ဇော်မင်းထွန်း တို့အား စစ်ဆေးရာ သက်သေခံပစ္စည်း ဖုန်း(၂)လုံးအား သာကေတ မြို့နယ်နေ ဒေါ်ခင်ခင်ထွေးထံ ပေါင်နှံထားကြောင်း ထွက်ဆိုချက်အရ ပြန်လည် သိမ်းဆည်း ရရှိခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်