ကျောက်ဆည်၊  ၂  ဇန်နဝါရီ

 

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးသို့  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင်များက ဇန်နဝါရီ ၂ ရက် နံနက် ၁၀ နာရီက အလှူငွေများနှင့် ဆန်အိတ်ပိုင်းများ လှူဒါန်းခဲ့သည်။

 

 

အလှူငွေများလှူဒါန်းရာတွင် အလှူရှင် ဦးအောင်ဇော်ဦး+ဒေါ်ခင်သက်နွယ်အောင် မိသားစုမှ ငွေကျပ် (၁)သိန်း၊ မအိအိသိန်းနှင့် သူငယ်ချင်းများမှ ငွေကျပ် (၂)သိန်း၊ ဒေါ်အေးတင်(မိသားစု)မှ တစ်တင်းခွဲ ဆန်အိတ်ပိုင်း (၁၂)ပိုင်းတို့ကို လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

 

သက်မောင် (ကျောက်ဆည်)