မောင်တော ၊ ၂ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးအကြောင်း အသိပညာပေး ရှင်းလင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက် ၁၀ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပညာပေးရှင်းလင်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ရဲ ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်း ၊ မြို့နယ်မိခင် နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီး ရေးရာအဖွဲ့၊ လူထုကျန်းမာရေးလုပ်သားများ ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ မောင်တောမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာဆေးအား အသက် (၉)နှစ် နှင့် (၁၀)နှစ် အရွယ် အမျိုးသမီးများကို ဇန်နဝါရီ ၁၈ ရက် နေ့တွင်စတင်၍ ထိုးနှံပေးမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၁) ဦးသန်း တင်မောင် ထံမှ သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


