မယ်စဲ့၊ ၃ ဇန်နဝါရီ        

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်နှင့်မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု အကြားအလပ် မရှိစေရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လမ်း၊ တံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းက ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းနှင့် အဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါအဖွဲ့သည် ဟိုစဲ့အမှတ်(၃)ရွာမှ တောင်ပေါ်စေတီသွားလမ်း (၀/၃ ဒသမ ၈၁)မိုင်အား မြေလမ်းမှ ကတ္တရာခင်းခြင်း လုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် ၁၀ ပေ ကျောက်စီကမ်းကပ်ခုံ ကွန်ကရစ်တံတားတစ်စင်း၊ ၂၅ ပေ ကွန်ကရစ်တံတားတစ်စင်း၊ ၅ ပေ Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုစဲ့ကျေးရွာခန်းမဆောင်မှ တောင်ပေါ်စေတီသွားလမ်း (၀/၂ ဒသမ ၈၆)မိုင် အား ကျောက်လမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်း၊ မယ်စဲ့-ဟိုစဲ့-ဘီပီ(၁၄)လမ်းပေါ်တွင် (၂/၆ ဒသမ ၁၄)မိုင်အား ၁၈ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် ၅ ပေ Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ မယ်စဲ့ - ဟိုစဲ့ - ဘီပီ(၁၄)လမ်းပေါ်တွင် (၂/၀)မိုင်အား မူလအကျယ် ၁၂ ပေမှ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် လမ်းတာချဲ့ခြင်းလုပ်ငန်း၊ ယင်းလမ်းပေါ်တွင် ၅ ပေ Box Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုစဲ့အမှတ်(၂)ရွာတွင်းလမ်း  အရှည် (၁/၅ ဒသမ ၆၇)မိုင်အား မြေလမ်းမှ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် ရေပြွန် ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဟိုစဲ့အမှတ်(၁) ရွာတွင်းလမ်း အရှည် (၀/၅ ဒသမ ၂၃)မိုင်အား မြေလမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် အရှည် (၀/၃ ဒသမ ၅၆)မိုင်အား ကျောက်လမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ဟိုစဲ့အမှတ်(၂) ပလောတောနှစ်ခြင်းကျောင်း (၀/၁)မိုင်အား ကွန်ကရစ်လမ်း ၇ လက်မထုခင်းခြင်းလုပ်ငန်း၊ အထက(ဟိုစဲ့) ကျောင်းအဝင်လမ်း (၀/၀ ဒသမ ၅)မိုင်အား ကွန်ကရစ်လမ်း ၇ လက်မထုခင်းခြင်းလုပ်ငန်း၊ ဟိုစဲ့မြို့သစ် ရေကျော်တံတားဘေးတွင် ပေ ၁၂၀ လူကူးကုန်းကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်း၊ ဝမ်ကန်ကျေးရွာ စိန့်ဂျိုးဇက်ဘုရားကျောင်း အဝင်လမ်း (၀/၀ ဒသမ ၂၅)မိုင်နှင့် အမက(ဝမ်ကန်) ကျောင်းအဝင်လမ်း (၀/၀ ဒသမ ၂)မိုင် တို့အား ကွန်ကရစ်လမ်း ၇ လက်မထုခင်းခြင်းလုပ်ငန်း၊ ပန်တိန်းကျေးရွာတွင်းလမ်း အရှည် (၀/၄ ဒသမ ၈၅)မိုင်အား မြေလမ်းမှ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ဖားဆောင်း - မယ်စဲ့လမ်းနှင့် ပန်တိန်းရွာတွင်း လမ်းဆုံသည့်နေရာတွင် ကွန်ကရစ်ရေပြွန် ၇ စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီအသီးသီးမှ ဆောင်ရွက်နေမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၃ (မြို့ပြ) ဦးကောင်းဇော်သန့်က လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)

 

mdn