မိုင်းကိုင်၊ ၃ ဇန်နဝါရီ

           

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကလေးငယ်များ စိတ်အပန်းဖြေနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိနိုင်စေရန်အတွက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက အိုင်အိုအမ်နှင့် မတ္တနိုင်းရား စိတ်ကျန်းမာရေးစင်တာမှ ရေးသားပြုစုသည့် ကလေးငယ်များအတွက် အရောင်ခြယ်စာအုပ်များနှင့် ကစားစရာအရုပ်များကို ဇန်နဝါရီ ၃ ရက် နံနက် ၉ နာရီက ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း အခမဲ့ ကွင်းဆင်းဖြန့်ဝေခဲ့ကြသည်။

 

အဆိုပါဖြန့်ဝေမှုတွင်  ကိုဗစ်-၁၉ ရောဂါ အသိပညာများကို ဆေးရောင်ခြယ်ရင်း  ဘဝ၏ လုံခြုံမှု၊ ပျော်ရွှင်မှုနှင့် ကျန်းမာစွာနေထိုင်ပြီး  စိတ်ဖိစီးမှုများကို  မေ့ပျောက်နိုင်စေရန်၊ ကစားစရာအရုပ်များဖြင့် အထီးကျန်စိတ်များ ပယ်ဖျောက်နိုင်စေရန်အတွက် အခြေခံလူတန်းစား ကလေးငယ်များ၊ Quarantine Center များတွင်  ရောက်ရှိနေသည့် အသက် ၇ နှစ်နှင့်အထက် ကလေးငယ်များအား ရှမ်းဘာသာ/မြန်မာဘာသာတို့ဖြင့် ရေးသားထုတ်ဝေထားသော ရုပ်ပုံအရောင်ခြယ်စာအုပ်များ၊ ကစားစရာအမျိုးမျိုး Recreation Kit ဖျော်ဖြေရေး ကိရိယာအစုံပါရှိသည့် ဘူးများကို အခမဲ့ သွားရောက်ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း  သိရှိရသည်။

 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)