ညောင်တုန်း၊  ၃  ဇန်နဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် သမဝါယမဦးစီးဌာနနှင့် ညောင်တုန်းမြို့နယ် သမဝါယမအသင်းစုတို့သည်  ကိုဗစ်-၁၉ ဖြစ်ပွားစဉ်ကာလအတွင်း ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု အခက်အခဲများအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ယင်းသို့ကူညီပေးရာတွင်  ပျဉ်းမချောင်း စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်း၏ အသင်းသားပိုင် ငါးကန်မှ ငါးမြစ်ချင်းပိဿာချိန် ၁၅၀ ကို ဝယ်ယူ၍ တစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀ နှုန်းဖြင့်  မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားပြည်သူများ ထံဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက် ရှိသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ရှိ ရွှေပိတောက် ငါးဈေးကြီးသို့ ငါးမုန့် ပိဿာချိန် ၇၀၀ ၊ ငါးမြစ်ချင်းပိဿာချိန် ၁၂၀ပ ၊ ငါးခေါင်းပွပိဿာချိန် ၁၀ပ ၊ ရွှေငါးကြင်းပိဿာချိန် ၁၂၀ စုစုပေါင်း ငါးပိဿာချိန် (၂၁၂၀)ကို တပြိုင်တည်း တင်ပို့ရောင်းချပေးနိုင်ခဲ့ကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။

 

MDN