ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပေါ်ထွန်းရေးအတွက် မဖြစ်မနေလိုအပ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးပဲဖြစ်ပါတယ်။ ရရှိမည် ငြိမ်းချမ်းရေးသဘောတူညီချက်များ၊ နိုင်ငံရဲ့ ရေရှည်လိုအပ်ချက်များ၊ ပြည်သူလူထုရဲ့ လိုလားတောင့်တချက်များနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေးအတွက် ကျွန်မတို့အားလုံး ဉာဏ်စွမ်း၊ ကိုယ်စွမ်းရှိသမျှ ကြိုးပမ်းသွားကြရပါမယ်။ နိုင်ငံလွတ်လပ်ရေး ရပြီးသည်မှာ(၇၅)နှစ်ပြည့်ဖို့ (၂)နှစ်သာ လိုပါတော့တယ်။ ဘယ်လိုနိုင်ငံမျိုးမှာ ကျွန်မတို့သာမက၊ နောင်လာနောက်သားများ နေထိုင်ရှင်သန်သွားရမယ်ဆိုတာကို ပုံဖော်ဖို့ ဒီနှစ်တွေအတွင်းမှာ အထူးဂရုပြုဆောင်ရွက်ဖို့ရာကို နိုင်ငံတော်အစိုးရရဲ့ အဓိကလုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ပါတယ်။ ပြည်သူရဲ့ လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။
(အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၁-၁-၂၀၂၁ ရက်နေ့ နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ်အခါသမယတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)


