ချောင်းဦး၊ ၄ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်အတွင်းရှိ ဓမ္မလင်္ကာရရှေးဟောင်းကျောင်းဆောင်အား ဇန်နဝါရီ ၄ ရက် နံနက် ၈ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် လှည့်လည်ကြည့်ရှုသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်တစ်ရာကျော် သက်တမ်းရှိသည့် ရှေးဟောင်းကျောင်းဆောင်၏ သစ်သားပေါ်၌ ထွင်းထုထားသည့် ကနုတ်ပန်းဗိသုကာလက်ရာများ၊ ကျောင်းဆောင်အတွင်းရှိ ရှေးဟောင်းပစ္စည်းများအား ကြည့်ရှုလေ့လာပြီး ရှေးဟောင်းယဉ်ကျေးမှု အနုပညာလက်ရာများ မပျက်စီးရအောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်သည် ကျောင်းထိုင်ဆရာတော် အရှင်ပဝရအား သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဝင်းမြင့်အောင်(ပြန်ဆက်)


