ထီးချိုင့်၊ ၄ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောင်းလမ်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်း၊ ခွင့်ပြုငွေကျပ် သိန်း ၁၅၀ ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ကျေးရွာအတွင်း ကွန်ကရစ်လမ်း အလျား ၁၀၀၀ ပေ၊ အကျယ် ၁၀ ပေ၊ ထု ၇ လက်မကို ကျေးရွာသူကျေးရွာသားများ၏ လုပ်အားဖြင့် ဆောင်ရွက်နေမှုအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်၊ မြို့နယ်ဦစီးမှူး ဦးအောင်လွင်ဦးနှင့် ဝန်ထမ်းများက ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

အဆိုပါ ကျောင်းလမ်းကျေးရွာတွင်  မြစိမ်းရောင်စီမံကိန်း အတိုးရရှိငွေမှာ သိန်း ၃၂၀ ခန့်မှ အတိုးရငွေ၏ ၅၀ ရာခိုင်နှုန်း ၁၅၀ သိန်းဖြင့် ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး ဆဋ္ဌမနှစ်အတွက် ထုတ်ချေးငွေများမှာ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရန် တောင်သူ ၁၅၆ ဦးအတွက် ၃၇၀ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၀ ဦးအတွက် ၆၅ သိန်း၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၂ ဦးအတွက် ၂ ဒသမ ၅ သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၈ ဦးအတွက် ၁၈ သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ ၆ ဦးအတွက် ၁၅ သိန်း၊ စုစုပေါင်း ၂၁၂  ဦးအတွက် ၄၇၀ ဒသမ ၅ သိန်းအား ထုတ်ချေးပြီးပြီဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

မွှေးကြူဇင်